စုလှိုင်
.
ကလောမြို့နယ်၊ နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ယနေ့
နိုဝင်ဘာလ ၂၂ ရက်၊ နေ့လယ်ပိုင်းက ယာဉ်မောင်း ၂ ဦးထံမှ COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိပြီး တစ်ရက်အတွင်း အဆိုပါဂိတ်မှ ပိုးတွေ့လူနာ ၃ ဦး ရှိလာပြီဖြစ်ကြောင်း
သိရသည်။
.
.“မနက်က တွေ့တဲ့ တစ်ယောက်နဲ့ ဆိုရင် ၃ ဦး ရှိသွားပါပြီ။
သူတို့ကို ကလောဆေးရုံမှာပဲ ကုမှာပါ” ဟု ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စန်းယုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပိုးတွေ့လူနာ ၂ ဦးမှာ ရန်ကုန်မြို့နေ အသက်
၂၆ နှစ်အရွယ် အမျိုးသားနှင့် အေးသာယာမြို့နေ အသက် ၂၅ နှစ် အရွယ် အမျိုးသားတို့ ဖြစ်ကြပြီး
ရန်ကုန်မှ တောင်ကြီးသို့ လာရောက်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများ ဖြစ်ကြ ကြောင်း
သိရသည်။
.
ထို့အပြင် ယင်း ပိုးတွ့လူနာ ယာဉ်မောင်း ၂ ဦးနှင့်
ထိတွေ့ခဲ့သည့် ယာဉ်နောက်လိုက် ၂ ဦးတို့ကိုလည်း ကလောမြို့၊ ဓမ္မယာန Quarantine
Center သို့ ပို့ဆောင်ထားကြောင်း သိရသည်။
.
No comments:
Post a Comment