နန်ပန်တက်တွင် ယာဉ်နောက်လိုက်တစ်ဦးထံမှ COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, November 4, 2020

နန်ပန်တက်တွင် ယာဉ်နောက်လိုက်တစ်ဦးထံမှ COVID-19 ပိုးတွေ့

ခွန်သန်းအောင်

.

ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာရှိ COVID-19 စစ်ဆေးရေးဂိတ်တွင် ယနေ့ နိုဝင်ဘာလ ၄ ရက်၊ ညနေပိုင်းက ယာဉ်နောက်လိုက်တစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.



.

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ အတွင်းသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များအား နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် Rapid Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေး နေစဉ် နိုဝင်ဘာလ ၄ ရက်၊ ညနေ ၄ နာရီခန့်က ရန်ကုန်မြို့မှ တောင်ကြီးသို့ လာရောက်မည့် ကုန်တင်ယာဉ်၏ ယာဉ် နောက်လိုက်ထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ပိုးတွေ့လူနာ အမျိုးသားအား ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ပေးလျက်ရှိပြီး ၎င်းနှင့် အတူ ပါလာသူ ယာဉ်မောင်းအား ကလောမြို့၊ ဓမ္မယာန မဇ္ဈိမယာန လူငယ်ဖွံ့ဖြိုးရေး ပရဟိကျောင်းရှိ Facilities Quarantine Center သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About