စိုင်းအောင်ဇော်လင်း
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်
ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အရေးပေါ်လူနာတင်ယာဉ်တွင် အသုံးပြုရန် အတွက် အောက်စီဂျင်အိုးများနှင့်
COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ယမန်နေ့
နိုဝင်ဘာလ ၁၈ ရက်က အလှူရှင်များမှ လှူဒါန်းခဲ့သည်ဟု သိရသည်။၊
.
.ထိုကဲ့သို့ ပေးအပ်လှူဒါန်းရာတွင်
မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အရေးပေါ်လူနာတင်ယာဉ်၌
အသုံးပြုနိုင်ရန်အတွက် တာချီလိတ်မြို့ တာလော့ရပ်ကွက်မှ ကိုမျိုးမင်းဇော် မိသားစု၊
ဒေါ်နန်းရှဲန်ယုန်း မိသားစုနှင့် ဒေါ်နန်းခမ်းနေ မိသားစုတို့က
အောက်စီဂျင်အိုးတစ်စုံစီတို့ကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း မိုင်းယောင်း မြို့နယ်
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဝင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး
ဦးသန့်ဇင်ဦး ထံက သိရသည်။
.
ထို့ပြင် COVID-19 ရောဂါ
ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သော လက်သန့်ဆေးရည် ၁၂ ဘူး၊ Mask ၂၄ ဘူးတို့ကို တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်မှ
ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်ဆရာတော်က လည်းကောင်း၊ လက်သန့်ဆေးရည် တစ်ဘူး၊ Mask
၅ ဘူးတို့ကို ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဘမိုးမြင့်က လည်းကေင်း၊
ဆေးဖြန်းဝတ်စုံ ၃ စုံနှင့် လည်ရှည်ဖိနပ် ၂ ရံတို့ကို အလင်းရောင်ပရဟိတအသင်းမှလည်းကောင်း
အသီးသီး ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
.
မိုင်းယောင်းမြို့နယ်
ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် ကန့်သတ်စောင့်ကြည့်စခန်း ဝင်နေသူများကို COVID-19 ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ
နှိုးဆော်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေး နှစ်သိမ့်ခြင်း၊ Swab နမူနာများ ရယူစစ်ဆေးခြင်းနှင့် မြို့နယ်အတွင်း နှာခေါင်းစည်းတပ်ဆင်ရေး
လှုပ်ရှားမှုတွင် ပူးပေါင်းဆောင်ရွက်ခြင်းများကို ပြုလုပ်လျက်ရှိပြီး Facility
Quarantine နေထိုင်ပြီးသူများကို အိမ်တိုင်ရာရောက် ကူညီပို့ဆောင်ပေးလျက်ရှိသည့်အပြင်
မြို့နယ်အတွင်း ဝေးလံခေါင်သီသော တောင်ပေါ်ဒေသ တိုင်းရင်းသားကျေးရွာ များသို့
သွားရောက်ကာ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊
ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ဆပ်ပြာခဲများ ပေးအပ်ခြင်း၊ နှာခေါင်းစည်းနှင့်
လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း၊
လိုက်နာဆောင်ရွက်ရမည့်အချက်များ တိုက်တွန်းဆော်ဩခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း
သိရသည်။
.
ထို့အပြင် သွေးအလှူရှင်များ စုဆောင်းခြင်း၊
ကိုယ်တိုင်သွေးလှူဒါန်းခြင်း၊ မတော်တဆနှင့် သဘာဝဘေးဖြစ်ပွားချိန် စသည့်
ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.