ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယနေ့ နိုဝင်ဘာလ
၂၃ ရက်က COVID-19 ရောဂါ ပိုးတွေ့လူနာတစ်ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း
သိရသည်။
.
.“တစ်ဦးတွေ့တာ ဟုတ်ပါတယ်။ မင်္ဂလာဦးမှာ စနေနေ့ (နိုဝင်ဘာ
၂၁ ရက်) က တွေ့တဲ့ အမျိုးသမီးရဲ့ ၁၁ နှစ်အရွယ် သမီးပါ။ လူနာကတော့ ကျန်းမာရေးကောင်းပါတယ်။
အခု စဝ်စံထွန်းဆေးရုံမှာပါ” ဟု ရှမ်းပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကို က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန
အနေဖြင့် COVID-19 ရောဂါ ပိုးတွေ့လူနာနှင့် ထိတွေ့မှု ရှိခဲ့သူများကို
Rapid Test Kit ဖြင့် စစ်ဆေးပြီးနောက် ရောဂါပိုးတွေ့ရှိသူများကို
ဆေးရုံသို့ ပို့ဆောင်ကာ Tesk Kit ဖြင့် စစ်ဆေးရာတွင် Negative
အဖြေထွက်သူများကို ပြည်သူ့ကျန်းမာရေးဆိုင်ရာဓါတ်ခွဲမှုဌာန (တောင်ကြီး)
ရှိ PCR စက်ကြီးများဖြင့် ထပ်မံစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.