စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယနေ့ နိုဝင်ဘာလ
၂၁ ရက် နံနက်ပိုင်းက COVID-19 ရောဂါ ပိုးတွေ့လူနာ တစ်ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု
သိရသည်။
.
.“အရင်နေ့က လူနာတွေရဲ့ Contact ၃၆ ယောက်ကို ထပ်စစ်တာ တစ်ယောက်မှာ တွေ့တာပါ။ သူမိသားစုနဲ့ အိမ်နီးချင်း တွေ
Contact တွေ ရှိပါတယ်” ဟု ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ ဇဝနကို က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပိုးတွေ့လူနာ အမျိုးသမီးကို တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပေးသွားမည် ဖြစ်ပြီး ၎င်းနှင့် ထိတွေ့ခဲ့သည့်
မိသားစုဝင်များကို Facilities Quarantine ထားရှိသွားမည်ဖြစ်ကာ
တစ်ဆင့်ခံ ထိတွေ့ခဲ့သည့် အိမ်နီးချင်းများကိုလည်း Home Quarantine ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.