မင်းဇော်မင်း
.
မိုင်းတုံမြို့တွင် COVID-19 လူနာ တစ်ဦးနိုဝင်ဘာလ ၂၇ ရက်တွင် ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ယင်းလူနာသည် ရန်ကုန်မှ မိုင်းဆတ်သို့ လာရောက်စဥ် မိုင်းတုံမြို့ အဝင် စစ်ဆေးရေးဂိတ်၌ RDT ဖြင့် အစစ်ဆေးခံရာ COVID-19 တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
.
" သူတို့က မီးစက် ဝယ်ပြီး ရန်ကုန်က လာတာ ကား ၃ စီး၊ လူ ၇ ယောက်စစ်တာ၊ ယာဉ်မောင်းမှာ ပိုး တွေ့တာပါ။ အခုဆေးရုံမှ ကုသနေပါတယ်။" ဟု မိုင်းတုံဆေးရုံ တာဝန်ခံ ဒေါက်တာ သက်ခိုင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယခု ပိုးတွေ့သူမှာ ရန်ကုန်မြို့တွင် နေထိုင်သူ ဖြစ်ပြီး မိုင်းဆတ်ရှိ လုပ်ငန်းခွင်အတွက် မီးစက်ဝယ်ယူ သယ်ဆောင်လာခြင်း ဖြစ်ပြီး ၄င်းနှင့် ထိတွေ့မှု ရှိသူများကို မိုင်းတုံမြို့ရှိ Quarantine Center တွင် အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
.
မိုင်းတုံမြို့တွင် ယနေ့တစ်ရက်တည်း၌ COVID-19 ပိုးတွေ့အတည်ပြု လူနာ ၂ ဦး တွေ့ရှိခဲ့သဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။