စုလှိုင်
.
ကလောမြို့နယ်၊ နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ယနေ့
နိုဝင်ဘာလ ၁၈ ရက်၊ ညနေပိုင်းက တွဲယာဉ်မောင်း တစ်ဦး ထံမှ COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
.
.“နန့်ပန်တက်မှာ တွေ့တာပါ။ ဒီနေ့ စုစုပေါင်း ၂
ယောက်ရှိပြီ။ Contact က ၃ ယောက်ပေါ့”ဟု နန့်ပန်တက်
စစ်ဆေးရေးဂိတ်တွင် တာဝန်ယူ စစ်ဆေးနေသော ကလောမြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာ
စောမြတ်သစ္စာ က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါ COVID 19 ရောဂါပိုး
တွေ့ရှိသူမှာ အသက် ၂၂ နှစ်ရှိ အမျိုးသားဖြစ်ပြီး မန္တလေးမြို့မှ ကလောမြို့သို့
သွားရောက်မည့် တွဲကုန်တင်ယာဉ်မှ ယာဉ်မောင်းဖြစ်ကာ ၎င်းနှင့် ထိတွေ့ခဲ့သည့် ယာဉ်နောက်လိုက်အား
ကလောမြို့ရှိ Quarantine Center သို့
ပို့ဆောင် ထားကြောင်း သိရသည်။
.
No comments:
Post a Comment