.
တောင်ကြီးမြို့နယ်ရှိ တောင်ကြီးမြို့နှင့် ကျောက်တလုံးကြီးမြို့တို့၌ Quarantine ဝင်ရောက်နေသူများကို ယနေ့ နိုဝင်ဘာလ ၂၈ ရက်က RDT ဖြင့် စစ်ဆေးမှုများ ပြုလုပ်ရာ ၅ ဦးတွင် COVID -19 ပိုး တွေ့ရှိခဲ့ကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။
.
“ မနေ့က တွေ့တဲ့ မင်္ဂလာဦးရပ်ကွက်က လူနာရဲ့ မိသားစုဝင် ၄ ယောက်လုံးမှာ Positive ဖြစ်တယ်။ နောက် တစ်ခုက ကျောက်တလုံးကြီးမှာ Quarantine ထားတဲ့အထဲမှာ အနံပျောက်လို့ ဆိုပြီး စစ်လိုက်တာ Positive ဖြစ်တယ်။ (တောင်ကြီးမြို့နယ်တွင်) ဒီနေ့ ၅ ယောက် Positive ထွက်တယ်ပေါ့။”ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကို က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ COVID 19 ပိုးတွေ့ရှိခဲ့သူများမှာ တောင်ကြီးမြို့ ၊ မင်္ဂလာဦးရပ်ကွက်မှ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးနှင့် ကျောက်တလုံးကြီး Quarantine Center ရှိ မန္တလေးမှ ပြန်လာသူ ရဟန်း တစ်ပါးတို့ ဖြစ်ပြီး ၎င်းတို့အား တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ပေးမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment