ကမ္ဘောဇတိုင်း
.
COVID-19 ရောဂါ ကုသနိုင်ရန်အတွက် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနက သွေးရည်ကြည် အလှူရှင်များ ဖိတ်ခေါ်ထားသည်ဟု သိရသည်။
.
.COVID-19 ရောဂါပိုး ကူးစက်ခံရပြီး
ရောဂါပျောက်ကင်းသူများ၏ သွေးရည်ကြည်တွင် (severe acute respiratary
syndrome coronavirus 2 SARS-CoV-2) ကို ခုခံကာကွယ်နိုင်သော
ပဋိပစ္စည်း (Antibody) များ ကျန်ရစ်သည့် ၎င်းတို့၏ သွေးရည်ကြည်
(Convalescence Plasma) အား အသုံးပြု၍ COVID-19 ပြင်းထန်သောလူနာများကို ကုသရာတွင် ရောဂါသက်သာ ပျောက်ကင်းရန်
အထောက်အကူပြုကြောင်း တွေ့ရှိရသည့်အတွက် ကိုရိုနာဗိုင်းရပ်(စ်) ပိုး (SAPS-CoV.2) ကူးစက်ခံရပြီး ၂၈ ရက်တိတိ ပကတိ ပြန်လည်နေထိုင်ကောင်းလာသူများအနေနှင့်
၎င်းတို့၏ သွေးရည် ကြည်ကို လှူဒါန်းခြင်းဖြင့် COVID-19 ရောဂါ
ပြင်းထန်ခံစားနေသော လူနားများ၏ အသက်ကို ကယ်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
.
သွေးရည်ကြည်အလှူရှင်တစ်ဦးထံမှ သွေးရည်ကြည် ၄၀၀ စီစီမှ
၆၀၀ စီစီအထိ ထုတ်ယူနိုင်ပြီး လူနာ ၂ ဦးမှ ၃ ဦး အတွက် အသုံးပြုနိုင်မည်ဖြစ်ကာ အလှူရှင်တစ်ဦးလျှင်
၂ ပတ် မှ ၄ ပတ်တစ်ကြိမ်ဖြင့် ၃ ကြိမ်အထိ လှူဒါန်းနိုင်သဖြင့် သွေးရည်ကြည် အလှူရှင်တစ်ဦးမှ
တစ်ဦးထက်ပိုသော COVID-19 လူနာများ၏ အသက်ကို ကယ်တင်နိုင်မည် ဖြစ်ကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
သွေးရည်ကြည်အလှူရှင်သည် COVID-19 ရောဂါပိုး ကူးစက်ခံရပြီး ၂၈ ရက်ထက်မနည်း နေကောင်းသူ ဖြစ်ရမည့် အပြင် သွေးလှူရှင်များ၏
ကျန်းမာရေးကို မထိခိုက်စေရန် ဆောင်ရွက်သော စည်းကမ်းများ အတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး
သွေးရည်ကြည် မလှူဒါန်းမီ ကျန်းမာရေး စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားသွေးဌာနမှ COVID-19
ရောဂါမှ ပြန်လည်ကောင်းမွန်သူများ သွေးရည်ကြည် စုဆောင်;သည့်လုပ်ငန်းကို
ဆောင်ရွက်နေပြီး ရန်ကုန်မြို့ ဦးဝိစာရလမ်း၊ ဇီဝကလမ်းခွဲရှိ ဆေးသုတေသနဦးစီးဌာနတွင်
သွေးရည်ကြည် လှူဒါန်းနိုင်ရန် သီးသန့်အခန်း ဖွင့်လှစ်ထားပြီး COVID-19 ရောဂါပြင်းထန်သောလူများ၏ အသက်ကိုကယ်တင်နိုင်ရန် စေတနာ ရှင်
သွေးရည်ကြည်အလှူရှင်များကို ဖိတ်ခေါ်ပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက
ထုတ်ပြန် ထားသည်။
.
No comments:
Post a Comment