ကမ္ဘောဇတိုင်း
.
ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ COVID-19
ရောဂါကာကွယ်ရေးနှင့် စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ နိုဝင်ဘာလ ၂ ရက်၊
ညပိုင်းက ယာဉ်မောင်းတစ်ဦးထံမှ COVID-19 ရောဂါပိုး
တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.မြို့ကြီး စစ်ဆေးရေးဂိတ်တွင်
မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော ယာဉ်များမှ
ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါလာသူများအား Rapid Test Kit ဖြင့်
COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေစဉ် မန္တလေးမှ
အောင်ပန်းမြို့သို့ ကုန်တင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်မှ အသက် ၂၃ နှစ်အရွယ်
ယာဉ်မောင်း အမျိုးသားတွင် COVID-19 ရောဂါပိုး
တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာအား မုဒိတာ
လူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် ရွာငံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး
ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment