.
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို ဦးဆောင်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်အကူတပ်ဖွဲ့ခွဲရုံး၊ အမှတ်(၁၄) ရဲသတင်းတပ်ဖွဲ့ခွဲမှူးရုံး၊ အမှတ်(၂)မူးယစ်တပ်ဖွဲ့ခွဲမှူးရုူံ၊ အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး၊ အမှတ်(၁၅)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုနှင့် သီးခြားတပ်ဖွဲ့များမှ စုပေါင်းလှူဒါန်းသော ၄၆၀၀၀၀ ကျပ် တန်ဖိုးရှိ ကထိန်သင်္ကန်းလျာနှင့် ဝတ္ထုငွေ ၃၄၄၀၀၀၀ ကျပ်ကို တောင်ကြီးမြို့၊ အောင်မြေဘုံစံကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ခေမာနန္ဒထံသို့ ဆက်ကပ် ပူဇော်၍ ရေစက်သွန်းချ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ညွှန်ကြားချက်တွေနဲ့ အညီပဲ ပြုလုပ်ခဲ့တာပါ။ ရဲတပ်ဖွဲ့ရဲ့ ဘုံကထိန်ပါ၊ ကထိန်သင်္ကန်းနဲ့ ဝတ္ထုငွေကို ကပ်လှူ ရေစက်ချပြီး အကျဉ်းပဲ လုပ်တာ၊ အချိန် နာရီဝက်ပဲ ကြာပါတယ်။”ဟု အောင်မြေဘုံစံကျောင်းတိုက်မှ ရဟန်းတစ်ပါး က ကမ္ဘောဇတိုင်းသို့ မိန့်သည်။
.
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ယခင်က ကထိန်သင်္ကန်းကပ်လှူပွဲကို သီးခြားစီသာ ပြုလုပ်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှ စတင်၍ စုပေါင်း မဟာဘုံကထိန်အဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ယခု လှူဒါန်းမှုသည် ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။