တာချီလိတ်၌ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ ၄ ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, November 27, 2020

တာချီလိတ်၌ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ ၄ ဦးတွင် COVID-19 ပိုးတွေ့

မင်းဇော်မင်း

.

တာချီလိတ်မြို့တွင် နိုဝင်ဘာ ၂၅ ရက်က COVID-19 ပိုး တွေ့ရှိခဲ့သည့် အတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့သူ ၇ ဦးအနက် ၄ ဦးတွင် ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။

.


ဟုတ်ပါတယ်၊ နောက်ထပ် ၃၀ လောက်လည်း စစ်ဆေးဖို့ ရှိပါတယ်အဲဒီမှာ လက်ထောက်ညွှန်မှူး တစ်ဦး ထိုင်ပြီး ရောဂါဆိုင်ရာ (ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း) ကိုင်တွယ်ဖို့ တာဝန် ချထားပါတယ်။” ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်သူကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

၎င်းတို့အား တာချီလိတ်ခရိုင်ဆေးရုံတွင် Quarantine ထားရှိပြီးနောက် ဓါတ်ခွဲနမူနာများအား နိုဝင်ဘာ ၂၇ ရက်တွင် RDT ဖြင့် စစ်ဆေးစဉ် ၄ ဦးတွင် COVID-19 ပိုး တွေ့ရှိရခြင်း ဖြစ်ပြီး လူနာများမှာ အသက် ၂၁ နှစ်မှ ၂၇နှစ် ကြားရှိ လူငယ်များ ဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်က COVID-19 ပိုး တွေ့ရှိခဲ့သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီး အလုပ် လုပ်ခဲ့သည့် 1G1 ဟိုတယ်မှ ဝန်ထမ်း ၁၇ ဦးကိုလည်း ယင်းဟိုတယ်တွင်ပင် Quarantine ထားရှိပြီး ယင်းတို့၏ ဓါတ်ခွဲနမူနာများကို ရယူ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats