နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်နောက်လိုက်တစ်ဦးထံမှ COVID-19 ပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်နောက်လိုက်တစ်ဦးထံမှ COVID-19 ပိုး တွေ့ရှိ

ကမ္ဘောဇတိုင်း

.

ကလောမြို့နယ်၊ နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ယနေ့ နိုဝင်ဘာလ ၂၆ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့မှ အောင်ပန်း မြို့သို့ လာရောက်မည့် ကုန်တင်ယာဉ်၏ ယာဉ်နောက်လိုက်တစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

“တစ်ဦးပိုးတွေ့တာ ဟုတ်ပါတယ်။ အမြဲတမ်းနေရပ်ကတော့ အောင်ပန်းပါ။ ရန်ကုန်ကလာတာပါ။ သူနဲ့ Contact တစ်ဦး ပါပါတယ်။ လူနာကတော့ ကလောဆေးရုံမှာပဲ ကုပေးမှာပါ” ဟု နန့်ပန်တက်စစ်ဆေးရေးဂိတ် တာဝန်ကျ ကလောပြည်သူ့ဆေးရုံမှ ဒေါက်တာစောမြတ်သစ္စာက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ပိုးတွေ့လူနာသည် အောင်ပန်းမြို့နေ အသက် ၃၁ နှစ်အရွယ် ယာဉ်နောက်လိုက် အမျိုးသားဖြစ်ပြီး ရန်ကုန်မြို့မှ အောင်ပန်းသို့ ထွက်ခွာလာစဉ် နန့်ပန်တက်စစ်ဆေးရေးဂိတ်၌ Rapid Test Kit ဖြင့် စစ်ဆေးရာမှ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်းပိုးတွေ့လူနာ အမျိုးသားအား ကလောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ပေးလျက်ရှိပြီး ၎င်းနှင့် ထိတွေ့ခဲ့သူ အသက် ၃၃ နှစ်ရှိ ယာဉ်မောင်း အမျိုးသားအား ကလောမြို့တွင် Facility Quarantine ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats