ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ရန်ကင်းကျောင်းတိုက်၌ Facilities Quarantine ဝင်ရောက်နေသည့် ရဟန်း တစ်ပါးတွင် ယနေ့ (နိုဝင်ဘာလ ၂၅ ရက်)၊ နံနက်ပိုင်းက COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ပိုးတွေ့
လူနာမှာ မန္တလေးတိုင်းဒေသကြီးမှ ပြန်လာသည့် အသက် ၂၃ နှစ်အရွယ် ရဟန်း တစ်ပါး ဖြစ်ပြီး
Quarantine ဝင်ရောက်နေသူ ၄၄ ဦးအား RDT ဖြင့် စစ်ဆေးစဉ် ယင်းရဟန်း၌ COVID-19 ပိုး တွေ့ခဲ့ခြင်း
ဖြစ်ကာ လူနာအား ဟိုပုံးဆေးရုံ၌ ဆေးကုသမှု ပေးမည် ဖြစ်ကာ လက်ရှိတွင် လူနာ၏ ကျန်းမာရေး
အခြေအနေမှာ ကောင်းမွန်နေလျက် ရှိကြောင်း သိရသည်။
.