စောဦး (ရတနာမြေ)
.
Dan Churchaid Norwegin Church Aid (DCA-NCA)၏
ပံ့ပိုးမှုဖြင့် NeT (Never End Tomorrow)နှင့်
မိတ်ဆွေကောင်းလူမှုကူညီရေး အသင်းတို့ ပူးပေါင်း၍ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်းရှိ
မသန်စွမ်းသူများအား နိုဝင်ဘာလ ၂၀ ရက်နှင့် ၂၁ ရက်များက COVID-19 အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေ များကို အိမ်တိုင်
ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.ထိုသို့ ထောက်ပံ့ရာတွင် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ
ဦးအောင်ဆန်းမြင့်နှင့် ရှမ်းပြည်နယ်မသန်စွမ်းသူများ အသင်း ဘဏ္ဍာရေးမှူး ဦးစိုင်းရော်နီတို့က
နမ္မတူမြို့နယ်အတွင်းရှိ မသန်စွမ်းသူ ၄၇ ဦးတို့အား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ထောက်ပံ့မှုတွင် နမ္မတူမြို့နယ်၊ နမ္မတူရပ်ကွက်
နယ်မြေ (၁) ရှိ မသန်စွမ်း ၅ ဦး၊ နယ်မြေ (၂)
ရှိ မသန်စွမ်း ၄ ဦး၊ နယ်မြေ (၅) ရှိ မသန်စွမ်း ၆ ဦး၊ နယ်မြေ (၇) ရှိ မသန်စွမ်း ၄ ဦး၊
ပန်ဟိုက်ရပ်ကွက် ၊ နယ်မြေ (၁၀) ရှိ မသန်စွမ်း ၂ ဦး၊ ပိန်းလောင်းကျေးရွာရှိ
မသန်စွမ်း ၄ ဦး၊ ဆိုင်ဂျာကျေးရွာရှိ မသန်စွမ်း ၄ ဦး၊ မန်မွန်းကျေးရွာရှိ မသန်စွမ်း
၃ ဦး၊ နမ္မလကျေးရွာရှိ မသန်စွမ်း ၄ ဦး၊ နမ့်ပါလေကျေးရွာရှိ မသန်စွမ်း ၆ ဦး၊ ပန်ဝိုးကျေးရွာရှိ
မသန်စွမ်း ၂ ဦး၊ ဆိုက်ခေါင်ကျေးရွာရှိ မသန်စွမ်း ၃ ဦး၊ စုစုပေါင်း ၄၇ ဦးအား COVID-19
ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တစ်ဦးလျှင် Mask ၁ ခု၊ လက်ဆေးဆပ်ပြာရည် (500ml) ၁ ဘူး၊ Spray
(100ml) ၁ ဘူးနှင့် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ တို့အား
ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
နမ္မတူမြို့နယ်အတွင်း မသန်စွမ်းသူ ၂၉၇ ဦးရှိပြီး
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု
ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများအား နိုဝင်ဘာလ ၁၉ ရက်တွင်
မသန်စွမ်းသူ ၁၀ ဦး၊ နိုဝင်ဘာလ ၂၀ ရက်နှင့် ၂၁ ရက်တွင် ၄၇ ဦး စုစုပေါင်း ၅၇ ဦးအား
ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်းနှင့် မသန်စွမ်းသူအားလုံး အကျိုးခံစားခွင့် ရရှိစေရေး အိမ်တိုင်ရာရောက်
ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း
ရှမ်းပြည်နယ် မသန်စွမ်းသူများ အသင်း ဘဏ္ဍာရေးမှူး ဦးစိုင်းရော်နီထံက သိရသည်။
.