စုလှိုင်
.
ကလောမြို့နယ်၊ နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် Rapid
Test ဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID-19 ရောဂါရှိ/မရှိ စစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နိုဝင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းက
ယာဉ်နောက် လိုက်တစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း
သိရသည်။
.
.“တစ်ယောက်တွေ့တယ်။ ရန်ကုန်ကနေ လွိုင်ကော်ကို
သွားမှာ။ ဇာတိက ပင်လောင်းဇာတိပါ။ သူ့ကို ကလောဆေးရုံ မှာပဲ ထားမယ်။ Contact က တစ်ယောက် ရှိပါတယ်” ဟု နန့်ပန်တက် စစ်ဆေးရေးဂိတ်တာဝန်ကျ ကလောပြည်သူ့ ဆေးရုံမှ
ဒေါက်တာစောမြတ်သစ္စာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ COVID 19 ပိုးတွေ့လူနာမှာ
အသက် ၄၅ နှစ်ရှိ ယာဉ်နောက်လိုက်ဖြစ်ပြီး ၎င်းနှင့်အတူ ပါလာသူ ယာဉ်မောင်းအား ကလောမြို့၊
ဓမ္မယာန Quarantine Center သို့ ပို့ဆောင်ထားကြောင်း သိရသည်။
.