ခွန်သန်းအောင်
.
ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းသို့ ဝင်ရောက် လာသည့် မော်တော်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ယာဉ်ပေါ် ပါလာသူများအား Rapid Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေစဉ် ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းက ယာဉ်နောက်လိုက် အမျိုးသား တစ်ဦး၏ ဓါတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ပိုးတွေ့လူနာမှာ တပ်ကုန်းမြို့နေ အသက် ၂၈ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ပျော်ဘွယ်-တောင်ကြီး မောင်းနှင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်၏ ယာဉ်နောက်လိုက် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာအား ကလောဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ပေးနေပြီး ၎င်းနှင့် ထိတွေ့မှု ရှိသည့် ယာဉ်မောင်း အမျိုးသားအား ကလောမြို့ရှိ Quarantine Center သို့ ပို့ဆောင်ကာ အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
No comments:
Post a Comment