.
လင်းခေးမြို့တွင် COVID-19 လူနာ တစ်ဦးအား နိုဝင်ဘာလ ၁၉ ရက်တွင် တွေ့ရှိခဲ့ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
အဆိုပါ လူနာမှာ ရန်ကုန်မြို့မှ လင်းခေးမြို့သို့ နိုဝင်ဘာလ ၁၇ ရက်တွင် ရောက်ရှိလာပြီးနောက် Quarantine ဝင်ရောက်နေစဉ် RDT ဖြင့် စစ်ဆေးရာ COVID-19 ပိုး တွေ့ခဲ့ခြင်း ဖြစ်ပြီး လူနာအား လင်းခေးဆေးရုံတွင် ထားရှိ၍ ဆေးကုသမှု ပေးမည် ဖြစ်ကြောင်း သိရသည်။
.
လူနာနှင့် အနီးကပ်ထိတွေ့မှု ရှိခဲ့သူများကို Quarantine Center တွင် ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက် နေထိုင်သွားရန် ညွှန်ကြားထားပြီး ဓါတ်ခွဲနမူနာများအား PCR နည်းဖြင့် စစ်ဆေးရန် ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာ (တောင်ကြီး) သို့ ပေးပို့ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားကြရန်နှင့် စိုးရိမ်မှု လွန်ကဲခြင်းများ မဖြစ်ပေါ်ကြရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မေတ္တာ ရပ်ခံထားသည်။