နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းတစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, November 2, 2020

နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းတစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိ

ခွန်သန်းအောင်

.

ကလောမြို့နယ်၊ နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များပေါ်မှ ယာဉ်မောင်းနှင့် လိုက်ပါလာသူများကို Rapid Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက် ရှိရာ ယနေ့ နိုဝင်ဘာလ ၂ ရက်၊ နံနက်ပိုင်းက ယာဉ်မောင်းတစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ ပိုးတွေ့လူနာ ယာဉ်မောင်းမှာ စွမ်း မော်တော်ယာဉ်လိုင်းမှ အသက် ၃၀ နှစ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းနှင့်အတူ မော်တော် ယာဉ်ပေါ်တွင် ယာဉ်နောက်လိုက် ၂ ဦး ပါရှိကာ ရန်ကုန်မှ လွိုင်ကော်မြို့သို့ ထွက်ခွာ လာခြင်းဖြစ်ကြောင်း သိရသည်။

.

သို့ဖြစ်၍ ပိုးတွေ့လူနာ အမျိုးသားအား ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ပေးသွားမည်ဖြစ်ပြီး ယာဉ်ပေါ်ပါလာသူ ၂ ဦးအား ကလောမြို့၊ ဓမ္မယာန မဇ္ဈိမယာန လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းရှိ Quarantine Center သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းသို့ ဝင်ရောက်လာသော မော်တော်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များအား  ကလောမြို့နယ်၊ နန့်ပန်တက် စစ်ဆေးဂိတ်တွင် Rapid Test Kit များဖြင့် COVID- 19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About