တောင်ကြီးမြို့မှ အတည်ပြုလူနာနှင့် ထိတွေ့သူ ၂ ဦးတွင် COVID-19 ပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, November 19, 2020

တောင်ကြီးမြို့မှ အတည်ပြုလူနာနှင့် ထိတွေ့သူ ၂ ဦးတွင် COVID-19 ပိုး တွေ့ရှိ

တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်မှ COVID-19 ပိုးတွေ့ အတည်ပြုလူနာ အမျိုးသားနှင့် ထိတွေ့သူ ၂ ဦးတွင် ယနေ့ နိုဝင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းက COVID-19 ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.

“ လောလောဆယ် စစ်ထားတဲ့ အထဲက သူ့အစ်မရယ်၊ ဂိမ်းဆိုင် ဖွင့်ထားတဲ့ သူ့မိတ်ဆွေရယ် ၂ ယောက်မှာ တွေ့တာ။ ဒီနေ့မနက်ပဲ စစ်လိုက်တာ။”ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.



 

တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်နေ အမျိုးသားတစ်ဦးသည် အနံ့ မရသဖြင့် Rapid Test kit ဖြင့် နိုဝင်ဘာလ ၁၇ ရက်က စစ်ဆေးရာ COVID-19 ပိုး တွေ့ရှိခဲ့ပြီးနောက် ထိတွေ့သူများအား အသွားအလာကန့်သတ်ကာ Test kit ဖြင့် စစ်ဆေးစဉ် ၂ ဦးတွင် COVID-19 ပိုး ထပ်မံ တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ပိုးတွေ့ လူနာများအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုပေးမည် ဖြစ်ပြီး ပြည်သူများအနေဖြင့် အနံ့​ပျောက်ခြင်း၊ ဖျားနာခြင်း စသည့် လက္ခဏာများ ဖြစ်ပါက သက်ဆိုင်ရာသို့ ချက်ချင်း အ​ကြောင်းကြား​ရန် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာ​ရေးနှင့် ကုသရေးဦးစီးဌာနက ​​မေတ္တာရပ်ခံထားသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About