လားရှိုးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသနေသည့် COVID-19 လူနာ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသနေသည့် COVID-19 လူနာ သေဆုံး

ကမ္ဘောဇတိုင်း

.

လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် တန့်ယန်းမြို့မှ လူနာတစ်ဦး ယနေ့ နိုဝင်ဘာလ ၁၈ ရက်၊ နေ့လယ်ပိုင်းက သေဆုံးခဲ့ကြောင်း သိရသည်။

.



.

“သေဆုံးသွားတာ ဟုတ်ပါတယ်။ ဒီနေ့ (နိုဝင်ဘာလ ၁၈ ရက်) ဆုံးတာပါ။ TB ရောဂါ အခံ ရှိတဲ့သူပါ” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ​သေဆုံးလူနာမှာ တန့်ယန်းမြို့နယ်၊ နား​လောင်း​ကျေးရွာအုပ်စု၊ မတ်တွယ်​ကျေးရွာ​နေ အသက် ၃၀ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်က Rapid Test Kit ဖြင့် စစ်​ဆေးစဥ် COVID-19 ပိုး ​တွေ့ခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။

.

ထို့အတူ လားရှိုးဆေးရုံအုပ်ကြီး ဒေါက်တာ ဉာဏ်မြင့်ကလည်း သူက အဆုတ်ပျက်စီးတာပေါ့။ လက်ရှိ COVID-19 ကြောင့်လည်း ပါတယ်။ သူ့ရဲ့ မူလ TB ရောဂါ အခံကြောင့်လည်း ပါပါတယ်။ လက်ရှိ လားရှိုးဆေးရုံမှာ COVID-19 လူနာ ၅ ဦး ရှိပါတယ်” ဟု ပြောဆိုခဲ့သည်။

.

ရှမ်းပြည်နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားရာမှ သေဆုံးသူ ၂ ဦး ရှိလာပြီဖြစ်ပြီး တစ်ဦးမှာ တောင်ကြီးမြို့နေ အသက် ၆၇ နှစ်အရွယ် အမျိုးသား ဖြစ်သည့် လူနာအမှတ်(၆၉၁၆) ဖြစ်ကာ စက်တင်ဘာလ ၂၀ ရက်တွင် စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats