ကျောက်မဲရှိ COVID-19 စစ်ဆေးရေးဂိတ်ကို မူလနေရာသို့ ပြန်လည်ပြောင်းရွှေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, November 17, 2020

ကျောက်မဲရှိ COVID-19 စစ်ဆေးရေးဂိတ်ကို မူလနေရာသို့ ပြန်လည်ပြောင်းရွှေ့

မိုင်းထွန်း (ကျောက်မဲ)

.

ကျောက်မဲမြို့၊ မိုးလုံလေလုံ အားကစားခန်းမအနီး ပင်လုံ လမ်းမပေါ်တွင် အောက်တိုဘာ လဆန်းပိုင်းကစ၍  ယာယီ ပြောင်းလဲထားရှိခဲ့သည့် ကုန်တင်ယာဉ်များ စစ်ဆေးရေးဂိတ် Check Point -2 ကို နိုဝင်ဘာလ ၁၆ ရက်မှ စတင်၍ မူလနေရာ ခိုမုန်းကျေးရွာ စာသင်ကျောင်း၌ ပြန်လည်ရွှေ့ပြောင်း ထားရှိကြောင်း ကျောက်မဲမြို့နယ် ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီဥက္ကဌ ထံက သိရသည်။

.

.

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ဖြစ်ပွားကူးစက်မှု မြင့်မားလာသည့်‌နောက် ကျောက်မဲ မြို့တွင်းသို့ COVID-19 ရောဂါအဖြစ်များသည့် ဒေသမှလာသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို  မြို့တွင်းသို့  ဝင်‌ရောက်ခွင့်မပြု‌ဘဲ ယာဉ်မောင်းယာဉ်နောက်လိုက်များ အစားထိုးလှဲလှယ်‌စေပြီး မြို့တွင်းဝင်ရောက်၍ ကုန်တင်ကုန်ချ ပြုလုပ်ခြင်းတို့ကို ကြပ်မတ် ဆောင်ရွက်ရန်ရည်ရွယ်၍ ကျောက်မဲမြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အစီအစဥ်ဖြင့် အဆိုပါ Check Point -2 ကို ခိုမုန်းကျေးရွာ စာသင်ကျောင်း၌  စက်တင်ဘာ လ ၁၅ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ကျောက်မဲမြို့အနီးတွင် အောက်တိုဘာ လဆန်းပိုင်းက  တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသလုံခြုံရေး အခြေအနေ အရ အဆိုပါ ကုန်တင်ယာဉ်များ စစ်ဆေးရေးဂိတ် Check Point -2 ကို မြို့တွင်း မိုးလုံလေလုံအားကစားခန်းမအနီး နေရာသို့ ယာယီရွှေ့ပြောင်းထားခဲ့ရခြင်းဖြစ်သည်။

.

ယခုအခါ   COVID-19 ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အတွက် Check Point -2 ကို မူလနေရာသို့ ပြန်လည် ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About