.
“ ၃ ယောက်တွေ့တယ်။ ယာဉ်မောင်းရော ယာဉ်နောက်လိုက်ရော။ နန့်ပန့်တက်ဂိတ်မှာ တွေ့တဲ့ တစ်ယောက်က မန္တလေးကနေ တောင်ကြီးသွားမှာ။ ကလောဂိတ်မှာ တွေ့တဲ့ ၂ ယောက်က အောင်ပန်းကနေ ရန်ကုန်ကို သွားမှာ။ Contact မရှိဘူး။ အောင်ပန်းမှာ အိမ် ရှိပေမဲ့ အိမ် မပြန်ဘူး။ ဟိုက်ဒရိုကွင်းထဲပဲ အိပ်တယ်။ စားတယ်။” ဟု ကလောမြို့နယ်ဆေးရုံမှ ဒေါက်တာ စောမြတ်သစ္စာမှ ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ COVID- 19 ပိုးတွေ့လူနာများမှာ အသက် ၄၀ နှစ်အရွယ် တောင်ကြီးမြို့နေ ယာဉ်မောင်း အမျိုးသား (နန့်ပန်တက်ဂိတ် တွေ့) နှင့် အသက် ၂၂ နှစ်နှင့် အသက် ၂၁ နှစ်အရွယ် အောင်ပန်းမြို့နေ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (ကလောဂိတ်တွေ့) များ ဖြစ်ကာ ၎င်းတို့အား ကလောဆေးရုံတွင် ဆေးကုသမှု ပေးမည် ဖြစ်ကြောင်း သိရသည်။