.
“ မနေ့ (နိုဝင်ဘာ ၁၄ ရက်)က Test Kit နဲ့ စစ်လို့ တွေ့တာ။ ၁၀ ဦးလုံးက မြို့ကြီးကျေးရွာက Contact တွေပါ၊ သူတို့နဲ့ ထိတွေ့သူတွေကိုတော့ စုံစမ်းနေပါတယ်။” ဟု ရွာငံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခွန်ဝင်းလတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်က COVID-19 ပိုး တွေ့ရှိခဲ့သော အသက် ၆၅ နှစ်အရွယ် အမျိုးသားနှင့် ထိတွေ့မှု ရှိသော ၁၃ ဦးအား Rapid Test Kit ဖြင့် စစ်ဆေးစဉ် ၁၀ ဦးတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကာ လက်ရှိတွင် မြို့ကြီးကျေးရွာအား Stay at Home ပြုလုပ်ထားကြောင်း သိရသည်။
.
“ ၁၄ ရက်နေ့က စပြီး မြို့ကြီးကို Stay at Home ကြေညာထားပါတယ်။ လူနာတွေ အားလုံးလည်း ကျန်းမာရေး ကောင်းပါတယ်။”ဟု ဒေါက်တာ ခွန်ဝင်းလတ်က ပြောသည်။
.
အဆိုပါ COVID-19 ပိုး တွေ့ အတည်ပြုလူနာများအား ရွာငံမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ပေးမည် ဖြစ်ကြောင်း သိရသည်။