နန့်ပန်တက် စစ်ဆေးရေးဂိတ်တွင် အမျိုးသမီး တစ်ဦးထံမှ COVID-19 ပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, November 14, 2020

နန့်ပန်တက် စစ်ဆေးရေးဂိတ်တွင် အမျိုးသမီး တစ်ဦးထံမှ COVID-19 ပိုး တွေ့ရှိ

ကလောမြို့နယ် နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်းသို့ ဝင်ရောက်လာသော မော်တော်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ယာဉ်ပေါ် ပါလာသူများအား Rapid Test Kit ဖြင့် စစ်ဆေးနေလျက်ရှိရာ ယနေ့ နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းက ယာဉ်ပေါ်လိုက်လာသူ အမျိုးသမီး တစ်ဦးထံမှ COVID-19 ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ ပိုးတွေ့လူနာမှာ မန္တလေးမြို့မှ တောင်ကြီးမြို့သို့ သွားရောက်မည့် Center ယာဉ်ဖြင့် လိုက်ပါလာသည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နေ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး ဖြစ်ကြောင်း သိရသည်။

.

ယင်း ပိုးတွေ့လူနာ အမျိုးသမီးအား ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ပေးနေပြီး ၎င်းနှင့် ထိတွေ့မှု ရှိသူများကို ကလောမြို့ရှိ Quarantine Center သို့ ပို့ဆောင်၍ အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About