ကျောက်မဲမြို့နယ်မှ COVID-19 ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ မဲရုံဝန်ထမ်း ၃၀ ဦး၏ ဓါတ်ခွဲနမူနာများ ရယူထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, November 13, 2020

ကျောက်မဲမြို့နယ်မှ COVID-19 ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ မဲရုံဝန်ထမ်း ၃၀ ဦး၏ ဓါတ်ခွဲနမူနာများ ရယူထား

မိုင်းထွန်း

.

ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာရှိ မဲရုံအမှတ်(၂)၌ ဆန္ဒမဲ ပေးသူ ကားသမားတွင် COVID-19 ပိုး တွေ့ရှိခဲ့သဖြင့် ၎င်းနှင့် ထိတွေ့မှု ရှိခဲ့သည့် မဲရုံဝန်ထမ်း ၃၀ ဦး၏ ဓါတ်ခွဲ နမူနာများကို နိုဝင်ဘာလ ၁၁ ရက်က ရယူထားကြောင်း သိရသည်။

.


ထို့အပြင် နောင်ပိန်ကျေးရွာ မဲရုံ အမှတ်()မှ မဲရုံမှူးနှင့် ထပ်ဆင့် ထိတွေ့ခဲ့သည့် နောင်ပိန်ကျေးရွာ မဲရုံ အမှတ်()မှ ဝန်ထမ်းများမဲစာရင်းနှင့် မဲရုံသုံး ပစ္စည်းများ လက်ခံရာတွင် ပါဝင် ဆောင်ရွက်ခဲ့သည့် ကျောက်မဲမြို့ပေါ်ရှိ ဝန်ထမ်းများကို Home Quarantine ထားရှိ၍ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားကြောင်းလည်း သိရသည်။

.

အဆိုပါ COVID-19 ပိုးတွေ့လူနာနှင့် ထိတွေ့မှု ရှိသော မဲရုံဝန်ထမ်း ၃၀ ဦး အပြင် ကျောက်မဲမြို့ပေါ်ရှိ Quarantine Center များမှ အသွားအလာ ကန့်သတ်ထားသူ ၇၃ ဦး၊ စုစုပေါင်း ၁၀၃ ဦး၏ ဓါတ်ခွဲ နမူနာများကို တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ နိုဝင်ဘာလ ၁၂ ရက်က ပို့ဆောင်ထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About