စုလှိုင်
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ယနေ့ နိုဝင်ဘာလ
၁၂ ရက်၊ နံနက်ပိုင်းက ကုန်ကားမောင်းနှင်သူ ယာဉ်မောင်း တစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.“အေးသာယာက ယာဉ်မောင်းတစ်ဦးမှာ တွေ့တာ ဟုတ်ပါတယ်။
Test Kit နဲ့ စစ်တော့ တွေ့တာပါ။ ဘယ်ကိုသွားမယ် ဆိုတာတော့ မသိသေးဘူး။
ကားသွားဖို့ အေးသာယာတိုက်နယ်ဆေးရုံက COVID-19 စစ်တဲ့နေရာမှာ လာစစ်တော့
တွေ့ တာပါ” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
ဒေါက်တာဇဝနကို က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ COVID-19 ပိုးတွေ့လူနာ
ယာဉ်မောင်းသည် အသက် ၄၁ နှစ် အမျိုးသားတစ်ဦးဖြစ်ပြီး အေးသာယာတွင် နေထိုင်သူဖြစ်ကာ ၎င်းကို
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှု ပေးမည်ဖြစ်ကြောင်း
သိရသည်။
.
တောင်ကြီးမြို့နယ်မှ မြန်မာနိုင်ငံ ဒေသအသီးသီးသို့
ထွက်ခွာမည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များကို အေးသာယာတိုက်နယ်ဆေးရုံတွင်
Rapid Test Kit ဖြင့် COVID-19 ရောဂါပိုး
ရှိ/မရှိ စစ်ဆေးပေး နေခြင်းဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment