မိုင်းထွန်း (ကျောက်မဲ)
.
ကျောက်မဲပြည်သူ့ဆေးရုံကြီးတွင်
ဆေးကုသမှုခံယူခဲ့သည့် ကျောက်မဲမြို့မှ ၅ ဦးမြောက်
COVID-19 အတည်ပြုလူနာ ဖြစ်သော အသက် ၁၈ နှစ်အရွယ် အမျိုးသား (Case
-40009) သည် ယနေ့ နိုဝင်ဘာလ ၂ ရက်၊ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း
သိရသည်။
.
.
အဆိုပါ လူနာသည် မူဆယ်မြို့တွင် အောက်တိုဘာလ ၁၂
ရက်က COVID-19 ပိုး တွေ့ရှိခဲ့သော အသက် ၂၂ နှစ်အရွယ်
ယာဉ်မောင်းနှင့် ထိတွေ့ခဲ့သူ ဖြစ်ပြီး ကျောက်မဲမြို့သို့ အောက်တိုဘာလ ၁၄ ရက်တွင်
ပြန်လည်ရောက်ရှိကာ သတ်မှတ် Quarantine Center တွင် နေထိုင်ကာ
၎င်း၏ ဓါတ်ခွဲ နမူနာကို ရယူပြီး ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာန (မန္တလေး)သို့
ပေးပို့စစ်ဆေးခဲ့ရာ ပို့တွေ့ခဲ့ခြင်းကြောင့် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံ တွင်
ဆေးကုသမှုခံယူခဲ့ကာ သတ်မှတ်ရက်အတွင်း ရောဂါခံစားရခြင်းမရှိဘဲ
သက်သာပျောက်ကင်းနေပြီဖြစ်သောကြောင့်ဆေးရုံမှ ဆင်းခွင့်ရရှိခြင်း
ဖြစ်ကြောင်းသိရသည်။
.
ယင်း ဆေးရုံမှဆင်းခွင့်ရသည့် အမျိုးသားသည် ၎င်း၏
နေအိမ်တွင် ၇ ရက်အသွားလာ ကန့်သတ်ပြီး နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။
.
ယမန်နေ့ နိုဝင်ဘာလ ၁ ရက်က ကျောက်မဲပြည်သူ့ဆေးရုံမှ အသက် ၂၄ နှစ်အရွယ် COVID-19 အတည်ပြုလူနာ အမျိုးသမီးတစ်ဦး ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီး ယနေ့ တွင် လည်း အမျိုးသားတစ်ဦး
ဆေးရုံမှ ထပ်မံဆင်းခွင့် ရသောကြောင့် ကျောက်မဲပြည်သူဆေးရုံကြီးတွင် COVID-19
အတည်ပြုနာတစ်ဦးသာကျန်ရှိကြောင်း ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး
ဒေါက်တာနန်းရီလှိုင်ဦး ထံက သိရသည်။
.