တောင်ကြီးတွင် COVID-19 ရောဂါ ပိုးတွေ့လူနာ ၂ ဦး ထပ်မံတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, November 19, 2020

တောင်ကြီးတွင် COVID-19 ရောဂါ ပိုးတွေ့လူနာ ၂ ဦး ထပ်မံတွေ့ရှိ

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယနေ့ နိုဝင်ဘာလ ၁၉ ရက်၊ မွန်းလွဲပိုင်းက COVID-19 ရောဂါ ပိုးတွေ့လူနာ ၂ ဦး ထပ်မံတွေ့ရှိကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။

.

.

“ရေအေးကွင်းက လူနာရဲ့ Contact တစ်ယောက်နဲ့ ကလောမှာတွေ့တဲ့ လူနာရဲ့ Contact က တစ်ယောက်ပါ။ ကလောမှာ တွေ့တဲ့တစ်ယောက်က ၁၆ ရက်နေ့က မန္တလေးသွားတော့ နန့်ပန်တက်မှာ Rapid Test Kit နဲ့ စစ်လို့ တွေ့တာပါ။ ဒါကြောင့် အဲဒီဂိတ်ကလူတွေကို Contact အဖြစ် သတ်မှတ်ပြီး စစ်တော့ တစ်ယောက် တွေ့တာပါ။ ဒီနေ့ တောင်ကြီးမှာတွေ့တာ ၄ ဦးပါ” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်နေ အမျိုးသားတစ်ဦးသည် အနံ့ မရသဖြင့် Rapid Test kit ဖြင့် နိုဝင်ဘာလ ၁၇ ရက်က စစ်ဆေးရာ COVID-19 ပိုး တွေ့ရှိခဲ့ပြီးနောက် ထိတွေ့သူများအား အသွားအလာကန့်သတ်ကာ Test kit ဖြင့် စစ်ဆေးစဉ် ၃ ဦးတွင် COVID-19 ပိုး ထပ်မံ တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ COVID-19 ပိုးတွေ့လူနာများကို တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ဆေးဝါးကုသပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းအထိ ရှမ်းပြည်နယ်တောင်ပိုင်းတွင် COVID-19 ရောဂါဖြင့် ဆေးရုံတက်ရောက် နေသူ ၇၁ ဦး ရှိကာ ယနေ့ နေ့လယ်ပိုင်း ထပ်မံတွေ့ရှိသူ ၄ ဦးအပါအဝင် စုစုပေါင်း ဆေးရုံတက်လူနာ ၇၅ ဦး ရှိနေကြောင်း သိရသည်။

.

ထို့အတူ က​လောမြို့နယ်၊ နန့်ပန်တက်​ကျေးရွာရှိ စစ်​ဆေး​ရေးဂိတ်၌ နိုဝင်ဘာလ ၁၉ ရက်က လှည်းကူးမြို့နယ်​နေ အသက် ၂၃ နှစ်အရွယ် ယာဥ်​နောက်လိုက် အမျိုးသား တစ်ဦးတွင် COVID-19 ပိုး ​တွေ့ခဲ့ပြီး လူနာအား က​လော​ဆေးရုံတွင် ​ဆေးကုသမှု ​ပေး​မည် ဖြစ်​ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About