.
ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် အသက် ၂၄ နှစ်အရွယ် COVID-19 အတည်ပြုလူနာသည် ယနေ့ နိုဝင်ဘာလ ၁ ရက်၊ နေ့လယ်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လူနာမှာ ကျောက်မဲမြို့၊ အမှတ်(၉) ရပ်ကွက်တွင် နေထိုင်သူ လူနာအမှတ် (၃၅၀၃၅) ဖြစ်ပြီး ရန်ကုန်မြို့မှ ကျောက်မဲမြို့သို့ အောက်တိုဘာလ ၉ ရက်က ပြန်လည် ရောက်ရှိ၍ ကျောက်မဲမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရှိ Quarantine Center တွင် နေထိုင်စဉ် ဓာတ်ခွဲနမူနာကို ရယူ စစ်ဆေးခဲ့ရာ COVID-19 ပိုးတွေ့ရှိခဲ့သူ ဖြစ်သည်။
.
လူနာအား အောက်တိုဘာလ ၁၈ ရက်တွင် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ပေးပြီးနောက် သတ်မှတ်ရက် အတွင်း ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်း မရှိတော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ရခြင်း ဖြစ်ကြောင်း သိရသည်။
.
ကျောက်မဲမြို့နယ်တွင် COVID-19 ပိုးတွေ့ အတည်ပြု လူနာ စုစုပေါင်း ၆ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၄ ဦးမှာ ဆေးရုံမှ ဆင်းခွင့် ရပြီ ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment