တာချီလိတ်မှ COVID-19 အတည်ပြုလူနာအမျိုးသမီးမှာ ကျိုင်းတုံသို့ သွားရောက်ဖူးသူဖြစ်ပြီး ၎င်းနှင့် ထိတွေ့ခဲ့သူ ၄၄ ဦးအား Quarantine ထားရှိထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တာချီလိတ်မှ COVID-19 အတည်ပြုလူနာအမျိုးသမီးမှာ ကျိုင်းတုံသို့ သွားရောက်ဖူးသူဖြစ်ပြီး ၎င်းနှင့် ထိတွေ့ခဲ့သူ ၄၄ ဦးအား Quarantine ထားရှိထား

မင်းဇော်မင်း

.

တာချီလိတ်မြို့တွင် နိုဝင်ဘာလ ၂၅ ရက်က အနံ့ပျောက်သဖြင့် ပြည်သူ့ဆေးရုံသို့ လာရောက်စစ်ဆေးမှု ခံယူရာမှ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်မှ မကြာသေးမီက ကျိုင်းတုံသို့ သွားရောက် ဖူးသူဖြစ်ပြီး ၎င်းနှင့် ထိတွေ့ခဲ့သူ Closed Contact ကျိုင်းတုံမြို့မှ ၃၇ ဦးနှင့် တာချီလိတ်မြို့မှ ၇ ဦး၊ စုစုပေါင်း ၄၄ ဦး တို့အား Quarantine ထားရှိထားကြောင်း သိရသည်။

.



.

“သူ့ရဲ့ ခရီးသွားရာဇဝင်ကို သေချာစစ်ဆေးနေပါတယ်” ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ပိုးတွေ့လူနာသည် နိုဝင်ဘာလ ၂၀ ရက်က တာချီလိတ်မှ ကျိုင်းတုံမြို့သို့ ၎င်း၏ သူငယ်ချင်း ၄ ဦးနှင့်အတူ သွားရောက်ခဲ့ပြီး ကျိုင်းတုံမြို့၊ အမှတ် (၃) ရပ်ကွက်၊ အာမခံရုံးအနီးရှိ ၎င်း၏သူငယ်ချင်းဖြစ်သူနေအိမ်တွင် နိုဝင်ဘာလ ၂၀ ရက် ညပိုင်းကလည်းကောင်း၊ ကျိုင်းတုံ-တာချီလိတ်လမ်းဘေး၊ လွယ်မွေကျေးရွာအုပ်စု၊ ပန်ကွဲတောင်၊ ဗုဒ္ဓဥယျာဉ်အနီး ရှိ “ရှဲန်တာဝမ်း” တည်းခိုရိပ်သာတွင် နိုဝင်ဘာ ၂၁ ရက်ညပိုင်းက လည်းကောင်း အသီးသီးတည်းခိုခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်တွင် တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

.

“သူ Positive ဖြစ်တယ်လို့ သတင်းရရချင်းပဲ သူ့ရဲ့ Closed Contact တွေကို လိုက်တာ အားလုံး ၃၇ ယောက် ရှိတယ်။ အားလုံးကို Home Quarantine ထားပြီးပါပြီ” ဟု ကျိုင်းတုံမြို့နယ် သူနာပြုတပ်ဖွဲ့မှူး ဦးရန်နောင်ထွန်းက ပြောသည်။

.

တာချီလိတ်မှ အကြောင်းကြားချက် ရရှိသည်နှင့် တစ်ပြိုင်နက် ကျိုင်းတုံမြို့နယ်အုပ်ချုပ် ရေးမှူး ဦးစီးကာ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတို့က ကျိုင်းတုံမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်မှု ခြေရာကောက် စာရင်းပြုစုပြီး ရပ်ကွက် (၃) မှ ၆ ဦး၊ ပန်ကွဲတောင်တည်းခိုရိပ်သာမှ ၃၁ ဦး၊ စုစုပေါင်း ၃၇ ဦးတို့ကို နိုဝင်ဘာလ ၂၅ ရက်၊ ည ၉ နာရီခွဲတွင် Home Quarantine ထားရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။

.

ထို့အတူ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောကလည်း “ရန်ကုန်ကို သွားထားတယ်ဆိုတာတော့ မေးလို့မရသေးဘူး။ ကျန်းမာရေးကလည်း မေးနေတယ်။ သူနဲ့ပတ်သက်တဲ့ ၇ ဦးကိုတော့ ဦးလောတာခြံမှာ Quarantine ထားထားတယ်လို့ ကျန်းမာရေးက ပြောတယ်” ဟု ပြောဆိုခဲ့သည်။

.

ယင်း COVID-19 ပိုးတွေ့လူနာ အမျိုးသမီးမှာ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်တွင် အခန်းငှားရမ်းနေထိုင်သူဖြစ်ပြီး ၎င်း အလုပ်လုပ်ကိုင်သည့်နေရာနှင့် နေထိုင်သည့်နေရာမှ Colsed Contact ဖြစ်သူ ၇ ဦးတို့ကို Quarantine ထားရှိ ထားခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats