COVID-19 အတည်ပြုလူနာ အသစ် ၁၃၄၄ ဦး ထပ်မံ တွေ့ရှိ၊ PHL(​တောင်ကြီး)၌ စစ်သည့် ဓါတ်ခွဲနမူနာများတွင် ပိုး မတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အသစ် ၁၃၄၄ ဦး ထပ်မံ တွေ့ရှိ၊ PHL(​တောင်ကြီး)၌ စစ်သည့် ဓါတ်ခွဲနမူနာများတွင် ပိုး မတွေ့

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၁၃၄၄ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (​နိုဝင်ဘာလ ၂၈ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

.



ထို့အတူ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)မှ PCR စက်ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၃၁၉ ခုတွင် COVID-19 ပိုး မတွေ့​(မ​တွေ့) ရှိကြောင်း ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။

.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (​နိုဝင်ဘာလ ၂၈ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၈၇၉၇၇ ဦး ရှိကာ၊ ယင်းအနက် ၁၈၈၇ ဦး သေဆုံး၍ ၆၇၅၈၈ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats