COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၃၃၀ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (နိုဝင်ဘာလ ၂၅ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ PCR စက်ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၄၉၉ ခုအနက် ၈ ဦးတွင် COVID-19 ပိုး တွေ့ ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ လူနာများမှာ တောင်ကြီးမြို့နယ်မှ ၂ ဦး၊ ရွာငံမြို့နယ်မှ ၃ ဦး၊ ညောင်ရွှေမြို့နယ်မှ ၂ ဦး၊ နမ့်စန်မြို့နယ်မှ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (နိုဝင်ဘာလ ၂၅ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၈၃၅၆၆ ဦး ရှိကာ၊ ယင်းအနက် ၁၈၁၀ ဦး သေဆုံး၍ ၆၃၃၆၆ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။