COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၅၃၂ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (နိုဝင်ဘာလ ၂၀ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ PCR စက်ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၃၃၆ ခုအနက် ၆ ဦးတွင် COVID-19 ပိုး တွေ့ ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ လူနာများမှာ တောင်ကြီးမြို့မှ ၃ ဦး၊ ရွာငံမြို့မှ ၁ ဦး၊ ပင်လောင်းမြို့မှ ၁ ဦးနှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
" ပင်လောင်း ၁ ယောက်က ပထမအကြိမ် စစ်တုန်းက Negative၊ ခု ဒုတိယအကြိမ် စစ်တော့ Positive ထွက်တာ။ တောင်ကြီး ၃ ယောက်က အရင် အနံ့ပျောက်နဲ့ ဆက်စပ်ပြီး ဆေးရုံတက်နေတဲ့ ၂ ယောက်ရယ်၊ အစောင့် ၁ ယောက်ပါ။ ရွာငံ ၁ ယောက်က RDT နဲ့ စစ်တုန်းက Negative ဖြစ်လို့ PCR နဲ့ စစ်တော့ Positive ဖြစ်တာပါ။"ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (နိုဝင်ဘာလ ၂၀ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၇၆၄၁၄ ဦး ရှိကာ၊ ယင်းအနက် ၁၆၉၅ ဦး သေဆုံး၍ ၅၆၆၀၁ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment