COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၂၇၇ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (နိုဝင်ဘာလ ၁၄ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၄၃၀ ခုအနက် ၂၁ ဦးတွင် COVID-19 ပိုး တွေ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ လူနာများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှ ၄ ဦး၊ ကွန်ဟိန်းမြို့မှ ၁ ဦး၊ ဆီဆိုင်မြို့မှ ၁ ဦး၊ ပင်လောင်းမြို့မှ ၁ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမှ ၃ ဦး၊ မန္တလေးတိုင်း ဒေသကြီး၊ သာစည်မြို့မှ ၁၁ ဦးတို့ ဖြစ်ပြီး အသွားအလာ ကန့်သတ်ထားသူများ ဖြစ်ကြောင်း သိရသည်။
.
" ရှမ်းတောင် ၇ ယောက်က ရန်ကုန် ပြန်တွေ၊ Quarantine ဝင်နေသူတွေပါ။ အဲဒီထဲက ကွန်ဟိန်းက ၁ ယောက်က ရန်ကုန်က အလာ လမ်းမှာတုန်းက RDT နဲ့ စစ်တုန်းက Negative ပြတယ်။ မြို့နယ် ကျန်းမာရေးက Quarantine ဝင်ကို ဝင်ရမယ်ဆိုပြီး Quanantine ဝင်ခိုင်းပြီး စစ်လိုက်တာ။ တရားရုံးတွေ သွားခဲ့တာ ရှိလို့ contact က အနီးကပ်ထိတွေ့သူ ၁၄ ဦး ရှိတယ်။" ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (နိုဝင်ဘာလ ၁၄ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၆၈၀၁၁ ဦး ရှိကာ၊ ယင်းအနက် ၁၅၅၂ ဦး သေဆုံး၍ ၅၁၃၆၂ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။