COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၂၁၂ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (နိုဝင်ဘာလ ၁၁ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၄၆၂ ခုအနက် ၁၀ ဦးတွင် COVID-19 ပိုး တွေ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ လူနာများမှာ ရှမ်းပြည်နယ် တောင်ပိုင်းမှ ၇ ဦး၊ မန္တလေးတိုင်းမှ ၂ ဦး၊ ကယားပြည်နယ်မှ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
" သူတို့ အကုန်လုံးက ရန်ကုန်ပြန်တွေ၊ Quarantine ဝင်နေသူတွေပါ။ Contact တော့ မရှိဘူး။ အတူပြန်လာကြသူတွေကလည်း Quarantine ထားပြီးသား၊ အပြင်မှာ Contact မရှိကြဘူး။ " ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (နိုဝင်ဘာလ ၁၁ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၆၄၄၅၃ ဦး ရှိကာ၊ ယင်းအနက် ၁၄၈၀ ဦး သေဆုံး၍ ၄၈၅၃၂ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။