COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၁၃၆ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (နိုဝင်ဘာလ ၄ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၄၈၅ ခုအနက် ၁၁ ဦးတွင် COVID-19 ပိုး တွေ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ လူနာများမှာ ကလော၊ ပင်လုံ၊ ရွာငံ (မြို့ကြီး) တို့တွင် အသွားအလာ ကန့်သတ်ထားသူများ ဖြစ်ကြောင်း သိရသည်။
.
" ရွာငံက RDT နဲ့ စစ်လို့ ပိုးတွေ့ခဲ့တဲ့ မြို့ကြီးအုပ်ချုပ်ရေးမှူးနဲ့ ထိတွေ့တဲ့သူက ၅ ဦး၊ ရန်ကုန်က ပြန်လာပြီး Quarantine ဝင်နေတဲ့ အမျိုးသမီးရယ်၊ ပေါင်း ၆ ယောက်။ ကလောက RDT နဲ့ စစ်လို့ ပိုးတွေ့ခဲ့တဲ့ ကားသမားတွေ့နဲ့ ထိတွေ့သူက ၄ ဦး။ ပင်လုံက ၁ ယောက်က ရန်ကုန်က ကျောင်းတက်ပြီး ပြန်လာတဲ့ ပိုးတွေ့ခဲ့တဲ့ ကျောင်းသားနဲ့ ထိတွေ့မှု ရှိတဲ့ ၁ ယောက်ပါ။ " ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (နိုဝင်ဘာလ ၄ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၅၆၉၄၀ ဦး ရှိကာ၊ ယင်းအနက် ၁၃၃၀ ဦး သေဆုံး၍ ၄၀၇၇၈ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။