ကျောက်မဲမြို့၏ ၆ ဦးမြောက် COVID-19 လူနာဆေးရုံမှ ဆင်းခွင့်ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကျောက်မဲမြို့၏ ၆ ဦးမြောက် COVID-19 လူနာဆေးရုံမှ ဆင်းခွင့်ရ

မိုင်းထွန်း (ကျောက်မဲ)

.

ကျောက်မဲပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သည့် ကျောက်မဲမြို့၏ ၆ ဦးမြောက် COVID-19 လူနာဖြစ်သော အသက် (၂၅)အရွယ် လူနာ (Case 49619)သည်  သတ်မှတ်ရက်အတွင်း ရောဂါခံစားရခြင်းမရှိဘဲ သက်သာ ပျောက်ကင်းပြီ ဖြစ်သောကြောင့် ယနေ့ နိုဝင်ဘာလ ၆ ရက်၊ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။

.



.

အဆိုပါပိုးတွေ့လူနာသည် ယဉ်မောင်းတစ်ဦးဖြစ်ပြီး အောက်တိုဘာလ ၁၉ ရက်က ကျောက်မဲမြို့သို့ရောက်ရှိလာသူ ဖြစ်ကာ အောက်တိုဘာလ ၂၃ ရက်တွင် ၎င်း၏ ဓါတ်ခွဲနမူနာကို ရယူပေးပို့ စစ်ဆေးခဲ့ရာမှ အောက်တိုဘာလ ၂၆ ရက်နေ့က ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

.

ကျောက်မဲမြို့တွင် COVID-19 ရောဂါ ပိုးတွေ့လူနာ ၆ ဦးရှိခဲ့ရာ အားလုံး ရောဂါ သက်သာပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းခွင့်ရပြီးဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats