စိုင်းသိင်္ခသူ
.
လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် COVID-19
ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသည့် အိမ် ထောင်စုများအတွက်
CERP အစီအစဉ်အရ စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ငွေများကို ယနေ့ နိုဝင်ဘာလ
၁၂ ရက်၊ နံနက်ပိုင်းက ကွင်းဆင်းထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
.
.COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း
ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများ စားဝတ်နေရေး
အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော ထောက်ပံ့ငွေများကို မိုင်းပန်မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စု
စာရေး၀န်ထမ်းများ၊ တာ၀န်ရှိသူများက ကွင်းဆင်း၍ ကိုယ်တိုင်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
.
ထိုသို့ ထောက်ပံ့ရာတွင် မိုင်းပန်မြို့ပေါ်ရပ်ကွက်
၄ ခုနှင့် ကျေးရွာအုပ်စု ၈ အုပ်စုအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၁၆၈ စုအတွက်
တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၃၃ သိန်း ၆ သောင်းအား
ကာယကံရှင်များ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment