ရွာငံမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း ၃ လမ်း၊ Boxculvert တံတား တစ်စင်းနှင့် ရေပြွန် ၁၅ ခု တည်ဆောက်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, November 17, 2020

ရွာငံမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း ၃ လမ်း၊ Boxculvert တံတား တစ်စင်းနှင့် ရေပြွန် ၁၅ ခု တည်ဆောက်မည်

ငြိမ်းသူ

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ရှိ ရေလှ၊ အင်းကုန်း၊ ညောင်ပင်ခွကျေးရွာရွာရှိ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီ ရောက်ရှိစေရေး ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းလမ်း၊ Boxculvert တံတား တစ်စင်း၊ ရေပြွန် ၁၅ ခုကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ရွာငံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။

.


ယင်း လုပ်ငန်းများကို ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာနှစ် ပြည်ထောင်စု၊ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြု ရန်ပုံငွေ ကျပ်သန်း ၁၃၀ ကျော်ဖြင့် တင်ဒါ အောင်မြင်သော ကုမ္ပဏီများမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ စတင်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ  ကျေးရွာ ၃ ရွာရှိ ကုန်ထုတ်လမ်း Boxculvert တံတားနှင့် ရေပြွန် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဒေသအတွင်းရှိ လယ်ယာမြေဧက ၁၈၀၀ ကျော်မှ လယ်ယာ ထွက်ကုန်များ စျေးကွက်သို့ အချိန်မီ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း ရွာငံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်၏ ပြောကြားချက်အရ သိရသည်။

.

ရေလှကျေးရွာတွင် လမ်းအရှည် ၂ မိုင်အကျယ် ၁၂ ပေထု မြေသား ၂ ပေဗြုန်းကျောက် ၆ လက်မ ခင်းခြင်းလုပ်ငန်းနှင့် ယင်းကုန်ထုတ် လမ်းပေါ်တွင် ရေပြွန် ၁၅ ခု တည်ဆောက်ခြင်း၊ အင်းကုန်းကျေးရွာတွင် လမ်းအရှည် ၁ မိုင်အကျယ် ၁၂ ပေထု မြေသား ၂ ပေ ဗြုန်းကျောက် ၆ လက်မ ခင်းခြင်းညောင်ပင်ခွကျေးရွာတွင် လမ်းအရှည် ၂ မိုင် ၂ ဖာလုံအကျယ် ၁၂ ပေ ထု မြေသား ၂ ပေ ဗြုန်းကျောက် ၆ လက်မ ခင်းခြင်းနှင့် ယင်းကုန်ထုတ် လမ်းပေါ်တွင် Boxculvert တံတား တစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About