ငြိမ်းသူ
.
မိုင်းကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ် အစိုးရ ခွင့်ပြုရန်ပုံငွေများဖြင့် မိုင်းကိုင်မြို့နယ်အတွင်း
ကျေးလက် ကုန်ထုတ် လမ်း ၂ လမ်းနှင့် Boxculvert တံတား ၃ စင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.
မိုင်းကိုင်မြို့နယ်၊ ပါကော်နှင့် ကောင်းပုံကျေးရွာ
၂ ရွာရှိ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီ ရောက်ရှိနိုင်ရေးအတွက် ရည်ရွယ်၍ ယင်းကဲ့သို့
ကုန်ထုတ်လမ်းနှင့် Boxculvert တံတားများ တည်ဆောက်ရခြင်း ဖြစ်ကြောင်း
သိရသည်။
.
ထိုသို့ တည်ဆောက်ရာတွင် ပါကော်ကျေးရွာ၌ အရှည် ၃ မိုင်
အကျယ် ၁၂ ပေ ထု မြေသား ၁ ပေ ဗြုန်းကျောက် ၉ လက်မ လမ်းခင်းခြင်းလုပ်ငန်း၊
ယင်းကုန်ထုတ်လမ်းပေါ်တွင် Boxculvert တံတား ၁ စင်း တည်ဆောက်ခြင်လုပ်ငန်း၊
ကောင်းပုံကျေးရွာတွင် အရှည် ၃ မိုင် အကျယ် ၁၂ ပေ ထု မြေသား ၁ ပေ ဗြုန်းကျောက် ၉ လက်မ
လမ်းခင်းခြင်း လုပ်ငန်း၊ ယင်းကုန်ထုတ်လမ်းပေါ်တွင် Boxculvert တံတား ၂ စင်းတည်ဆောက်ခြင်လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်
ပြည်ထောင်စု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၄၀ ကျော်ဖြင့်တင်ဒါ
အောင်မြင်သော ကုမ္ပဏီများမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစတင်၍
ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများ ပြီးစီးပါက လယ်ယာမြေဧက ၃၀၀ ကျော်မှ လယ်ယာထွက်ကုန်များ
စျေးကွက်သို့အချိန်မီရောက်ရှိတော့မည်ဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်း ထံက သိရသည်။
.
အဆိုပါ ကုန်ထုတ်လမ်းနှင့်
တံတားတည်ဆောက်မည့်အခြေအနေများအား ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်း က မိုင်းကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
တာဝန်ခံအင်ဂျင်နီယာ ဦးကျော်လင်းအောင်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးတိုင်းတာ
ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
.
No comments:
Post a Comment