တောင်ကြီးမြို့တွင် ယနေ့ နိုဝင်ဘာလ ၂ ရက်၊ ညနေ ၆ နာရီခွဲ အချိန်ခန့်က ကျယ်လောက်သော ပေါက်ကွဲသံ ၂ ချက် ထွက်ပေါ်ခဲ့ပြီး ယင်းပေါက်ကွဲသံ ထွက်ပေါ်ရခြင်း၏ အကြောင်းအရင်းအား အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
.
ယင်း ပေါက်ကွဲသံနှင့် ပတ်သက်၍ ကမ္ဘောဇတိုင်းမှ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံသို့ ဆက်သွယ် မေးမြန်းရာတွင် ပေါက်ကွဲသံ ထွက်ပေါ်သော အကြောင်းအရင်းကို ရှာဖွေနေဆဲ ဖြစ်သည်ဟုသာ ဖြေဆိုခဲ့သည်။
.
တောင်ကြီးမြို့ပေါ် နေရာအနှံ့တွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပေါက်ကွဲသံ ထွက်ပေါ်ရာ နေရာအား လိုက်လံ ရှာဖွေနေလျက် ရှိပြီး ယခု (နိုဝင်ဘာလ ၂ ရက်)၊ ည ၁၁ နာရီခွဲထိ အကြောင်းအရင်းအား သိရှိရခြင်း မရှိသေးချေ။
.
No comments:
Post a Comment