မိုင်းယုမြို့တွင် မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်နည်း သရုပ်ပြသ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, November 6, 2020

မိုင်းယုမြို့တွင် မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်နည်း သရုပ်ပြသ

ကိုကိုနိုင် (မိုင်းယု)

.

တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၊ ဒွန်းနွဲ့ကျေးရွာတွင် နိုဝင်ဘာလ ၅ ရက်၊ နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွက် ကျေးရွာ/ရပ်ကွက်အတွင်း မီးသတ်ယာဉ်များ အလွယ်တကူ ဝင်ထွက်သွားလာနိုင်စေရန်နှင့် မီးငြှိမ်းသတ် သရုပ် ပြသမှု ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.

.

ကျေးရွာ/ ရပ်ကွက်အတွင်း ရုတ်တရက် မီးဘေးအန္တရာယ်များ ကျရောက်ပါက မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်ယာဉ်များ သွားလာရာတွင် ခက်ခဲနှောင့်နှေးမှုမရှိဘဲ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ပြီး မီးများအချိန်မီ ငြှိမ်းသတ်နိုင်စေရန်နှင့် ကျေးရွာ/ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူတို့ မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရန်အတွက် သတိ/အသိပေးသည့်အနေဖြင့် သရုပ်ပြကွင်းဆင်း လေ့ကျင့်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ မိုင်းယုမြို့ဦးစီးမှူး ဦးတင်စိုးခိုင်ထံက သိရသည်။

.

ယင်းကဲ့သို့ သရုပ်ပြသ ဆောင်ရွက်ရာတွင်  မီးသတ်ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဆောင်သောအဖွဲ့က မီးသတ်ယာဉ် များဖြင့် ရပ်ကွက်/ကျေးရွာအတွင်း လှည့်ပတ်မောင်းနှင်ခြင်းနှင့် အချိန်မီ မီးငြှိမ်းသတ်ပုံတို့ကို လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About