နမ့်စန်မြို့နယ်ရှိ ကျေးရွာ ၂၃ ရွာတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

နမ့်စန်မြို့နယ်ရှိ ကျေးရွာ ၂၃ ရွာတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်မည်

ငြိမ်းသူ

.

လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၃ ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျာမန် ဖွံ့ဖြိုးရေးဘဏ် (KFW) နှင့် ပြည်သူထည့်ဝင်ငွေများဖြင့် တစ်အိမ်သုံးဆိုလာစနစ် (Solar Home System- SHS) ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

အဆိုပါ တစ်အိမ်သုံးဆိုလာစနစ်ဖြင့်လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးမည့် ကျေးရွာ ၂၃ ရွာမှာ မတ်ကျန်း-၁၊ မတ်ကျန်း-၂၊ ကုန်းယွန်း၊ မိုက်ကမ်း၊ နမ့်ဟူးကူ၊ တာလိုင်းရွာ၊ နောင်ခမ်း၊ လွိုင်ဆောင်၊ ယာဆောင်၊ စျေးကုန်း၊ ညောင်ပင်သာ၊ ပန်ဆာ၊ ဆီးဆော့၊ ဟိုခို၊ နောင်ဝို၊ ဆမ်ခါ၊ လွယ်ပေါင်း၊ နမ့်ပဲ့၊ ဝမ်ဟင်၊ လွိုင်လ၊ လွိုင်အွန်၊ ပါလိုင်း၊ မိုက်ဟိုင်း ကျေးရွာများဖြစ်ပြီး ယင်းကျေးရွာများတွင် တစ်အိမ်သုံး ၆၀ ဝပ်ဆိုလာ ၂၄၃ စုံ၊ ၁၀၀ ဝပ်ဆိုလာ ၃၃၀ စုံ၊ လမ်းမီးတိုင် ၈၃ စုံ၊ မူလတန်းကျောင်းအတွက် ၁၆ စုံ၊ ဘာသာရေးအဆောက်အဦအတွက် ၁၅ စုံ၊ ကျေးလက်ဆေးပေးခန်းအတွက် ၃ စုံ၊ စုစုပေါင်းဆိုလာ ၆၉၅ စုံတပ်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

ယင်းကျေးရွာများတွင် တပ်ဆင်မည့် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများမှာ လက်ရှိတွင် ကျေးရွာများ၌ ရောက်ရှိနေပြီ ဖြစ်ပြီး ဒီဇင်ဘာလအတွင်းတပ်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

ထိုသို့ တစ်အိမ်သုံးဆိုလာစနစ်ဖြင့်လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ရာတွင် မဟာဓာတ်အားလိုင်းရောက်ရှိနေသည့် နေရာမှ ၁ဝ မိုင်အထက် အကွာရှိ မီးမရရှိသည့်ကျေးရွာများကို မီးရရှိစေရန်အတွက် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် သီးသန့်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး တစ်အိမ်သုံးဆိုလာများမှာ ဝပ် ၆ဝ နှင့် ဝပ် ၁ဝဝ ဟူ၍နှစ်မျိုးရှိကာ မိမိတို့ အိမ်များတွင်သုံးစွဲရန်ယူ လိုအပ်သည့် ဝပ်အလိုက်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

တစ်အိမ်သုံးဆိုလာများကို ဒေသခံပြည်သူများက မိမိပိုင်ပစ္စည်းကဲ့သို့ စနစ်တကျကိုင်တွယ်အသုံးပြုစေရန် ရည်ရွယ်၍ ၆၀ ဝပ် ဆိုလာစနစ်အတွက်ငွေကျပ် ၅၀၀၀၀ နှင့် ၁၀၀ ဝပ် ဆိုလာစနစ်အတွက် ငွေကျပ် ၁၅၀၀၀၀ ကို ပြည်သူ အချိုးကျ အရစ်ကျစနစ်ဖြင့် ၂ ကြိမ်ခွဲ၍ ထည့်ဝင်ရမည်ဖြစ်ပြီး ဆိုလာစနစ် တစ်စုံစာအတွက် ကျန်ရှိသည့်တန်ဖိုးကို စီမံကိန်းရန်ပုံငွေမှ ကျခံပေးမည်ဖြစ်ကြောင်း သိရသည်။

.

စီမံကိန်းကျေးရွာရှိ အများပြည်သူပိုင် အဆောက်အဦများ ဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်း နှင့် လမ်းမီးတိုင်များကိုမူ စီမံကိန်းရန်ပုံငွေမှ ရာနှုန်းပြည့် အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ပြီး အိမ်သုံး ဆိုလာစနစ်အတွက် ထည့်ဝင်ထားသည့် ပြည်သူထည့်ဝင်ငွေများအား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြန်လည် အသုံးပြုသွားမည် ဖြစ်ကြောင်း နမ့်စန် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

.

Journal Download

Photo of three cats