.
“ တချို့လည်း ပေး ပြီးပါပြီ၊ ပေးဖို့ ကျန်တာတွေလည်း ရှိပါသေးတယ်။” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ဝင်းသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကြိုတင်မဲ ပေးပြီး ဖြစ်သည့် အချုပ်သား အရေအတွက်မှာ အမျိုးသား ၅၇၇ ဦး၊ အမျိုးသမီး ၇၄ ဦး၊ စုစုပေါင်း ၆၅၁ ဦး ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း၌ အကြောင်း အမျိုးမျိုးကြောင့် အချုပ်ကျ ခံနေရသူမှာ ယနေ့ (နိုဝင်ဘာလ ၁ ရက်)ထိ အမျိုးသား ၁၂၄၈ ဦး၊ အမျိုးသမီး ၁၈၈ ဦး၊ စုစုပေါင်း ၁၄၃၆ ဦး ရှိပြီး ကြိုတင်ဆန္ဒမဲ ပေးရန် ကျန်ရှိသည့် အချုပ်သားများ ဆန္ဒမဲ ပေးခွင့် ရရှိရေးအတွက် ဆောင်ရွက်နေလျက် ရှိကြောင်းလည်း ဒုတိယရဲမှူးကြီး ဝင်းသိန်းထံမှ သိရသည်။
.
အချုပ် ကျခံနေသူများ အပါအဝင် ရွေးကောက်ပွဲနေ့၌ သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်၍ မဲပေးနိုင်ခြင်း မရှိသူများ၊ တာဝန်အရ မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေသော နိုင်ငံ့ဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများ၊ ဆေးရုံတွင် ဆေးဝါး ကုသနေသူများသည် အောက်တိုဘာလ ၂၉ ရက်မှ စတင်၍ ကြိုတင်ဆန္ဒမဲများ ပေးအပ်နေခြင်း ဖြစ်သည်။