ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေး ဆောင်ရွက်ရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က အစိုးရအား တိုက်တွန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, November 12, 2020

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေး ဆောင်ရွက်ရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က အစိုးရအား တိုက်တွန်း

ရပ်တန့်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေးအတွက် အစိုးရသစ်အနေဖြင့် အထူး အလေးပေး ဆောင်ရွက်ရန် နိုဝင်ဘာလ ၁၁ ရက်၊ ညပိုင်းက ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့မှ ကြေညာချက် ထုတ်ပြန်၍ တိုက်တွန်း တောင်းဆိုခဲ့သည်။

.

ထို့အပြင် တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရပ်တန့်ရန်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား အကြမ်းဖက် အဖွဲ့အစည်း၊ မတရားအသင်း သတ်မှတ်ချက်ကို ရုပ်သိမ်းရန်နှင့် တိုင်းရင်းသား ပြည်သူလူထု အကျိုးအား ဦးတည်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ရန် စသည့်အချက်များကိုလည်း MNDAA၊ TNLA နှင့် AA တို့မှ တိုက်တွန်း တောင်းဆိုထားသည်။

.

[Photo - PSLF/TNLA]
 

အဆိုပါ ကြေညာချက်အား ငြိမ်းချမ်းရေးလုပ်ငန်းများ ပြန်လည်အသက်သွင်း ဆောင်ရွက်နိုင်ရန်အတွက် တစ်ဖက်သတ် အပစ်ခတ် ရပ်စဲရေးအား ထပ်မံသက်တမ်းတိုးမြှင့်သည့် ကြေညာချက်အဖြစ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကာ တစ်ဖက်သတ် အပစ်အခတ် ရပ်စဲရေးကို ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် ဒီဇင်ဘာလ ၃၁ ရက်ထိ ထပ်မံ တိုးမြှင့်ခဲ့ကြောင်း သိရသည်။

.

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲကြောင်းကို ၇ ကြိမ်ထိ တိုးမြှင့် ထုတ်ပြန်ထားပြီး တပ်မတော်နှင့်အတူ ကြိုတင်ကန့်သတ်ချက် မပါသည့် ပူးတွဲအပစ်အခတ် ရပ်စဲရန် အဆင်သင့်ဖြစ်ကြောင်းကိုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About