ကမ္ဘောဇတိုင်း
.
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို
ယနေ့ နိုဝင်ဘာလ ၈ ရက်၊ နံနက် ၆ နာရီအချိန်မှ စတင် ပြုလုပ်ခဲ့ရာ တောင်ကြီးမြို့ပေါ်ရှိ
မဲရုံများတွင် ညနေ ၄ နာရီအချိန်၌ မဲရုံပိတ်၍ ဆန္ဒမဲလက်မှတ်များ စတင် ရေတွက် နိုင်ရေး
ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
.မဲရုံများတွင် ယနေ့ ညနေ ၄ နာရီ၊ မဲရုံပိတ်သိမ်းချိန်အထိ
ဆန္ဒမဲ လာရောက်မပေးသူများလည်း ကျန်ရှိနေကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်တွင် ရပ်ကွက် ၅၁ ရပ်ကွက်၊
ကျေးရွာအုပ်စု ၂၄ အုပ်စု တည်ရှိပြီး မဲရုံစုစုပေါင်း ၂၄၅ ခု ရှိ၍ ဆန္ဒမဲ
ပေးခွင့်ရှိသူ စုစုပေါင်း ၃၂၄၉၀၀ ဦးကျော်ခန့် ရှိကြောင်း သိရသည်။
.