ကျောက်မဲတွင် စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀ ကျော်နှင့် ဘိန်းဖြူများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကျောက်မဲတွင် စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀ ကျော်နှင့် ဘိန်းဖြူများ ဖမ်းမိ

ကမ္ဘောဇတိုင်း

.

ကျောက်မဲမြို့နယ်၊ မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့ နိုဝင်ဘာလ ၁၃ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀ ကျော်နှင့် ဘိန်းဖြူများအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ကျောက်မဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၃ ရက်၊ ညနေ ၅ နာရီခွဲခန့်က ကျောက်မဲမြို့နယ်၊ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၀/၁) နှင့် (၁၁၀/၂) အကြားတွင် မူးယစ်ဆေးဝါးသတင်းအရ ကြိုတင်စောင့်ဆိုင်းနေစဉ် လားရှိုးဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော TRSTA-125 အမျိုးအစား ဖြူ/နီကြား ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူမှာ  သီပေါမြို့နယ်၊ နမ့်အွန် ကျေးရွာနေ စိုင်းဘအောင် ဆိုသူဖြစ်ကြောင်း သိရပြီး ဆိုင်ကယ်အား ရှာဖွေရာ ဆိုင်ကယ်ရှေ့ ခွကြားတွင် ညှပ်၍ တင်ဆောင်လာသော အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်းမှ အနီရောင်ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူ ဟု ယူဆရသော အဖြူရောင်အမှုန့် ၂၂၀ ဂရန်ခန့်နှင့် အပြာရောင် ကပ်ခွာအိတ်အတွင်း ထည့်ထားသည့် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉၇၀ တို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ စိုင်းဘအောင် အား ကျောက်မဲမြို့မရဲစခန်းတွင် ဥပဒေအရ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats