မင်းဇော်မင်း
.
တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ယမ်းခေါင်ကျေးရွာအနီး၊
တာချီလိတ်-မိုင်းဆတ်ကားလမ်းပေါ်တွင် နိုဝင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းက လက်နက်နှင့် မူးယစ်ဆေးဝါး
ချက်လုပ် ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.တာချီလိတ်-မိုင်းဆတ်ကားလမ်း၊ ယမ်းခေါင်ကျေးရွာအနီးတွင်
နိုဝင်ဘာလ ၂၄ ရက်၊ နံနက် ၆ နာရီခွဲခန့်က တပ်မတော်မှ ပိတ်ဆို့ရှာဖွေရေး ပြုလုပ်နေစဉ်
စန်းလုကျေးရွာဘက်မှ တာချီလိတ်မြို့ဘက်သို့ အိုက်မဲ မောင်းနှင်ပြီး ဘေးတွင် အိုက်ပင်း
လိုက်ပါလာသည့် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ပစ္စတိုသေနတ် ၂ လက်၊ ကျည်အိမ်
၃ ခု၊ ၉ မမ ကျည် ၆၈ တောင့်၊ မူးယစ်ဆေးဝါး ပြုလုပ်ရာတွင် အသုံးပြုသည်ဟု ယူဆရသည့် Ethyl
Vanillin စာတမ်းပါ အဖြူရောင်အမှုန့် အလေးချိန် ၅၀၀ ဂရမ်ခန့် ၂ ထုပ်စီပါ
အထုပ်ကြီး ၈၉ ထုပ်၊ အလေးချိန် ၈၉ ကီလိုခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ယာဉ်ပေါ်တွင် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်
အသုံးပြုသည်ဟု ယူဆရသော အနီရောင်အမှုန့် အလေးချိန် ၁ ကီလိုခန့်စီပါ ၁၀ ထုပ်၊ အလေးချိန်
၁၀ ကီလိုခန့်၊ အနံ့ရည်ဘူးသေး ၁၀ ဘူးစီပါ ၆ ထုပ်၊ စုစုပေါင်း ၆၀ ဘူး၊ ဆေးပြား ရိုက်ရာတွင်
အသုံးပြုသည့် မိုလ် ၁၉ ချောင်းနှင့် ဆက်စပ်ပစ္စည်းဖြစ်သော ပင်နယံအစိတ်အပိုင်း တစ်ခု၊
GUM ARBIC in CHEMICAL စာတမ်းပါ အဖြူရောင်အမှုန့် ၂၅ ကီလိုခန့်တို့အား
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ လက်နက်နှင့် မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများ
ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ ၂ ဦးနှင့် သက်သေခံပစ္စည်းများအား မူးယစ်တပ်ဖွဲ့စု
(၃၀) တာချီလိတ်သို့ လွှဲပြောင်းပေးအပ်သဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်း တွင် အမှုဖွင့်အရေးယူနိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment