ကလောမြို့နယ်၊ ဇောတိကျေးရွာတွင် ကျပ်သိန်း ၆ သောင်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, November 5, 2020

ကလောမြို့နယ်၊ ဇောတိကျေးရွာတွင် ကျပ်သိန်း ၆ သောင်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

နန်းဝင်းရီ

.

ကလောမြို့နယ်၊ ဇောတိကျေးရွာတွင် နိုဝင်ဘာလ ၃ ရက်၊ ညနေပိုင်းက ငွေကျပ်သိန်းပေါင်း ၆ သောင်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ နိုဝင်ဘာလ ၃ ရက်၊ ညနေ ၅ နာရီခွဲခန့်က ဇောတိကျေးရွာ ရွာလယ်လမ်းတွင် စောင့်ဆိုင်းနေစဉ်  တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်နေ ဟန်ထွန်း မောင်းနှင်လာသည့် HONDAR အနက်ရောင် ဆိုင်ကယ်နှင့် ၎င်း ငှားရမ်းလာသည့် ရဲတင့် မောင်းနှင်သော အနီရောင် သုံးဘီးဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေး ရှာဖွေရာ သုံးဘီးယာဉ်၏ နောက်ခန်းတွင် အပြာရောင် ပီနံအိတ်များအတွင်း ပလတ်စတစ် အစိမ်းရောင် အိတ်များဖြင့် ထည့်ထားသည့် မက်သာအဖက်တမင်း (ICE) ၁ ကီလိုထုပ် ၂၀ ပါ ပီနံအိတ် ၆ အိတ်၊ အလေးချိန် ၁၂၀ ကီလိုခန့်၊ စုစုပေါင်း မက်သာအဖက်တမင်း (ICE) ၃၀၀ ကီလိုခန့်၊ ၁ ကီလိုလျှင် ကျပ်သိန်း ၂၀၀ နှုန်းဖြင့် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၆၀၀၀၀ အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဆက်လက်ပြီး စစ်ဆေးချက်အရ ဟန်ထွန်းသည် အဆိုပါ မူးယစ်ဆေးဝါးများအား တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် နေ စိုင်းခန့်ကျော်နှင့် မမေသဇင်လတ်တို့ထံမှ ယူဆောင်လာပြီး ရန်ကုန်မြို့သို့ ပေးပို့ရန် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်နေ သန့်ဇင်အောင် (ခ) သက်နိုင်ဦးမှ ပို့ဆောင်ခ ငွေကျပ် သိန်း၂၀၀ ဖြင့် စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ ဟန်ထွန်းအား အောင်ပန်းနယ်မြေ ရဲစခန်းတွင် မယ(ပ)၁၉/၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About